ပါမစ်မြေ ============ ▪️ "အိမ်ရာဆောက်လုပ်နေထိုင်ခွင့်ပြုလက်မှတ်" ဟုခေါ်ပါတယ်။ အပိုင်ပေး ငှားရမ်း လိုင်စင် ချပေးတာမဟုတ်ပါ အစိုးရမြေကို နေထိုင်ခွင့်ပေးခြင်းသာဖြစ်သည်။ အစိုးရ အမိန့်ရသော်လည်းကောင်း သက်ဆိုင်ရာကော်မတီအဖွဲ့မှ သော်လည်းကောင်း - မြို့သစ်တည်ဆောက်တိုးချဲ့ခြင်းငှာ - မြေသိမ်းအစားထိုးပေးခြင်းငှာ - အစိုးရဌာနဆိုင်ရာဝန်ထမ်းများ/တပ်မတော်သားများနေထိုင်ခွင့် စသည့် အစိုရမြေကို နေထိုင်ခွင့် တစ်ခုတည်းသာ ပါမစ် မြေချမိန့် မြေပေးမိန့်ဟု အမည်တပ်၍ ခွင့်ပြုခြင်းဖြစ်ပါသည်။ ▪️ပါမစ် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။ ▪️ထိုသို့ လွှဲပြောင်း၊ရောင်းချ၊ပေါင်နှံ၊ပေးကမ်းခြင်းပြုချင်ပါက ဂရန်အဖြစ် တစ်ဆင့်လျှောက်ထားရပါမည်။ ဂရန်အဖြစ်လျှောက်ထားရာတွင် ပါမစ်စာရွက်ထဲမှာပါသည့် အမည်ပေါက်တစ်ဦးတည်းသည်သာ ဂရန်လျှောက်ခွင့်ရှိပါသည်။ ▪️ပိုင်ဆိုင်မှုနှင့် ပက်သက်ပြီး တရားတပေါင်ဖြစ်ကြလျှင် ပါမစ်မြေသည် လွှဲပြောင်း၊ရောင်းချ၊ပေါင်နှံ၊ပေးကမ်းခြင်းမပြုရလို့ အတိအလင်းကြေညာထားသည်ဖြစ်တာကြောင့် ပိုင်ဆိုင်ခြင...