Skip to main content

Posts

Showing posts from November, 2025

❏ "နာကျင်စေမှု" (Hurt) ပြစ်မှုများအကြောင်

 ❏  "နာကျင်စေမှု" (Hurt) ပြစ်မှုများအကြောင်း                  သိကောင်းစရာ  ⌼ လူချင်းချင်း ထိတွေ့ဆက်ဆံရာ၌     ပေါ့လျော့မှု၊ အငြိုးအတေး၊ ဒါမှမဟုတ်     ရည်ရွယ်ချက်ရှိရှိကြောင့် ခိုက်ရန်ဖြစ်ပွားပြီး      တစ်ဦးနှင့်တစ်ဦး ထိခိုက်နာကျင်မှုများ  ဖြစ်ပေါ်လာပါလျှင် ရာဇဝတ်မှုဆိုင်ရာ ဥပဒေအရ နာကျင်စေမှုများကို မည်သို့ ပြစ်ဒဏ်များ  သတ်မှတ်ထားပါကြောင်း သိရှိထားဖို့ လိုအပ်ပါတယ်။ ❍ ရာဇဝတ်မှုကြီး ပုဒ်မ (၃၁၉) -           နာကျင်စေမှု (Hurt) ဆိုတာ ⌼  မည်သူမဆို တစ်ဦးတစ်ယာက်သာသူအား ကိုယ်အင်္ဂါနာကျင်အာင် သို့မဟုတ် အနာရာဂါစွဲကပ်အာင် သို့မဟုတ် ချည့်နဲ့အောင် ပြုလျှင် ထိုသူသည် နာကျင်စေမှုကို ပြုသည်မည်၏။ ၁။ ကိုယ်အင်္ဂါနာကျင်အောင် ⌼  ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကို ယာယီ (သို့)       ရေရှည် နာကျင်မှုဖြစ်အောင် လုပ်ဆောင်ခြင်း။ ဥပမာ ⊶ ရိုက်နှက်ခြင်း၊ ထိုးနှက်ခြင်း၊ ခြောက်လှန့်ခြင်း၊      မီးရှို့ခြင်း၊ အဆိပ်ခတ်ခြင်း၊ အားနည်းစေသော ဆေးတိုက်ကျွ...

ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)

 ❑ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)             သိကောင်းစရာများ      (ပြည့်စုံသော ရှင်းလင်းချက်) ❉ ❍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ) သည် ဆက်သွယ်ရေးကွန်ရက် (သို့မဟုတ်) လူမှုကွန်ရက် (Social Media) အသုံးပြုမှုမှတစ်ဆင့် ပေါ်ပေါက်လာသော ပြစ်မှုကျူးလွန်ခြင်းများကို အဓိကထား၍ ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်၍ အရေးယူနိုင်ပါသည်။ ________________________________________ ၁။ ပြစ်မှုမြောက်သော အဓိကလုပ်ရပ်များ        ❍ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အောက်ပါ ပြစ်မှုများ ကျူးလွန်ပါက ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်။ ▪️ (က) ခြောက်လှန့်တောင်းယူခြင်း        ❍ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ ပစ္စည်း၊ ငွေကြေး သို့မဟုတ် အခြားအကျိုးအမြတ်တစ်ခုခုကို ရယူရန် ရည်ရွယ်၍ ခြိမ်းခြောက်ပြီး တောင်းယူခြင်း။ • ဥပမာ ⊕  အွန်လိုင်းကွန်ရက် (Video Call သို့မဟုတ် Chat) မှ ရရှိထားသော လျှို့ဝှက်ဓာတ်ပုံ/ဗီဒီယိုများကို ဖြန့်ဝေမည်ဟု ခြိမ်းခြောက်ခြင်း။ ⊕ ကွန်ပျူတာစနစ်အတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ အရေးကြီး Data Files များကို ပိတ်ဆို့ထ...

🍀လင်မယားကွာရှင်းပြီး ပစ္စည်းခွဲဝေခြင်း🍀

 🍀လင်မယားကွာရှင်းပြီး ပစ္စည်းခွဲဝေခြင်း🍀🔷လင်မယားကွာရှင်းခြင်းနှင့်အတူ ကလေးအုပ်ထိန်းမှု နှင့် ပိုင်ဆိုင်မှု ပစ္စည်းခွဲဝေခြင်းများ ကပ်လျက်ပါရှိလာသည်။ 🔸ကွာရှင်းခြင်းနှင့် ပစ္စည်းခွဲဝေမှုဆိုင်ရာ  သဘောတူညီချက်များကို   **စာချုပ်စာတမ်း** ပြုလုပ်ထားရန် အရေးကြီးသည်။ 🔸နှစ်ဦးပိုင်ပစ္စည်းကိုသာ ခွဲဝေရမည်ဟုသော     အဆိုသဘောသည် လုံးဝမဟုတ်ပါ  အောက်ပါ (၃)မျိုးအပေါ် အရေးဆိုနိုင်သည်။      ▪️လက်ထပ်ပွား      ▪️ပါရင်း      ▪️အထက်ပါပစ္စည်း  🍀လက်ထပ်ပွားပစ္စည်း (ဘုံပစ္စည်း) ▪️လက်ထပ်ပွားပစ္စည်းဆိုတာ အကြင်‌မောင်နှံ     လက်ထပ်ထိမ်းမြားမှုမှ စတင်ပြီး ရှာဖွေသမျှ   စု‌ဆောင်းကြီးပွားသမျှအရာရာကိုဆိုလိုသည်။  လင်ယောက်ျားက ရှာသည်ဖြစ်‌စေ၊  မယားမိန်းမ ရှာသည်ဖြစ်စေ နှစ်ဦးပိုင်ပစ္စည်းသာဖြစ်သည်။           🔺ခွဲဝေမှု          ▪️အညီအမျှ (၅၀% စီ)။ 🍀ပါရင်းပစ္စည်း ▪️အိမ်ထောင်မပြုမီက မိမိပိုင်ဆိုင်သည့်       ပစ္စည်းကို ဆိုလိုသည်။ အိမ်ထောင်မပြုမ...