❑ လိမ်လည်အတုပြုမှု (Forgery) ❛ လိမ်လည်အတုပြုမှု + စာရွက်စာတမ်းလိမ်လည်အတုပြုမှု အကြောင်းကို အသေးစိတ်နားလည်ရန် ပုဒ်မ ၄၆၃ ၊ ပုဒ်မ ၄၆၄ တို့၏ ပင်ရင်း အဓိပ္ပာယ်များကို သိဖို့လိုအပ်ပါသည်။❜ ❍ လိမ်လည်အတုပြုမှု (ပုဒ်မ ၄၆၃ ) | ====== လိမ်လည်အတုပြုမှုဆိုသည်မှာ - မည်သူမဆို အောက်ပါအဓိကအချက်များဖြင့် မဟုတ်မမှန်သော စာတမ်းအမှတ်အသား တစ်ခုခုကို (သို့မဟုတ်) စာတမ်း၏ တစ်စိတ်တစ်ပိုင်းကို ပြုလုပ်ခြင်းသည် လိမ်လည်အတုပြုမှုကို ကျူးလွန်ခြင်းဟု သတ်မှတ်နိုင်၏။ ➩ အဓိကရည်ရွယ်ချက်များ ၁။ ပျက်စီးဆုံးရှုံးစေရန်/ ထိခိုက်နစ်နာစေရန် အခြားသူတစ်ဦးဦးကို ငွေကြေး၊ ဂုဏ်သိက္ခာ စသည်ဖြင့် ဆုံးရှုံးစေခြင်း။ ▣ ဥပမာ: ကုမ္ပဏီစာရင်းရှင်းတမ်းပေါ်ရှိ အချက်အလက်နှင့် ငွေပမာဏများကို မှားယွင်းပြုပြင်၍ တစ်စုံတစ်ယောက်အား ဆုံးရှုံးမှု နစ်နာမှု ဖြစ်စေရန်။ ၂။ ပိုင်ဆိုင်ခွင့် ထောက်ခံရန် မိမိတွင် ပိုင်ဆိုင်ခွင့်မရှိဘဲ အတုစာရွက်ဖြင့် ပိုင်ဆိုင်ခွင့်ရှိသူအဖြစ် သက်...