- Get link
- X
- Other Apps
❏ "နာကျင်စေမှု" (Hurt) ပြစ်မှုများအကြောင်း သိကောင်းစရာ ⌼ လူချင်းချင်း ထိတွေ့ဆက်ဆံရာ၌ ပေါ့လျော့မှု၊ အငြိုးအတေး၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိကြောင့် ခိုက်ရန်ဖြစ်ပွားပြီး တစ်ဦးနှင့်တစ်ဦး ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်လာပါလျှင် ရာဇဝတ်မှုဆိုင်ရာ ဥပဒေအရ နာကျင်စေမှုများကို မည်သို့ ပြစ်ဒဏ်များ သတ်မှတ်ထားပါကြောင်း သိရှိထားဖို့ လိုအပ်ပါတယ်။ ❍ ရာဇဝတ်မှုကြီး ပုဒ်မ (၃၁၉) - နာကျင်စေမှု (Hurt) ဆိုတာ ⌼ မည်သူမဆို တစ်ဦးတစ်ယာက်သာသူအား ကိုယ်အင်္ဂါနာကျင်အာင် သို့မဟုတ် အနာရာဂါစွဲကပ်အာင် သို့မဟုတ် ချည့်နဲ့အောင် ပြုလျှင် ထိုသူသည် နာကျင်စေမှုကို ပြုသည်မည်၏။ ၁။ ကိုယ်အင်္ဂါနာကျင်အောင် ⌼ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကို ယာယီ (သို့) ရေရှည် နာကျင်မှုဖြစ်အောင် လုပ်ဆောင်ခြင်း။ ဥပမာ ⊶ ရိုက်နှက်ခြင်း၊ ထိုးနှက်ခြင်း၊ ခြောက်လှန့်ခြင်း၊ မီးရှို့ခြင်း၊ အဆိပ်ခတ်ခြင်း၊ အားနည်းစေသော ဆေးတိုက်ကျွ...