Skip to main content

❏ "နာကျင်စေမှု" (Hurt) ပြစ်မှုများအကြောင်

 ❏  "နာကျင်စေမှု" (Hurt) ပြစ်မှုများအကြောင်း

                 သိကောင်းစရာ 


⌼ လူချင်းချင်း ထိတွေ့ဆက်ဆံရာ၌

    ပေါ့လျော့မှု၊ အငြိုးအတေး၊ ဒါမှမဟုတ်

    ရည်ရွယ်ချက်ရှိရှိကြောင့် ခိုက်ရန်ဖြစ်ပွားပြီး 

    တစ်ဦးနှင့်တစ်ဦး ထိခိုက်နာကျင်မှုများ

 ဖြစ်ပေါ်လာပါလျှင် ရာဇဝတ်မှုဆိုင်ရာ ဥပဒေအရ နာကျင်စေမှုများကို မည်သို့ ပြစ်ဒဏ်များ

 သတ်မှတ်ထားပါကြောင်း သိရှိထားဖို့ လိုအပ်ပါတယ်။


❍ ရာဇဝတ်မှုကြီး ပုဒ်မ (၃၁၉) - 

         နာကျင်စေမှု (Hurt) ဆိုတာ

⌼  မည်သူမဆို တစ်ဦးတစ်ယာက်သာသူအား ကိုယ်အင်္ဂါနာကျင်အာင် သို့မဟုတ် အနာရာဂါစွဲကပ်အာင် သို့မဟုတ် ချည့်နဲ့အောင် ပြုလျှင် ထိုသူသည် နာကျင်စေမှုကို ပြုသည်မည်၏။


၁။ ကိုယ်အင်္ဂါနာကျင်အောင်

⌼  ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကို ယာယီ (သို့) 

     ရေရှည် နာကျင်မှုဖြစ်အောင် လုပ်ဆောင်ခြင်း။

ဥပမာ

⊶ ရိုက်နှက်ခြင်း၊ ထိုးနှက်ခြင်း၊ ခြောက်လှန့်ခြင်း၊ 

    မီးရှို့ခြင်း၊ အဆိပ်ခတ်ခြင်း၊ အားနည်းစေသော ဆေးတိုက်ကျွေးခြင်း။


၂။ အနာရောဂါစွဲကပ်အောင်

 ⌼  ရောဂါဝေဒနာ စွဲကပ်စေရန် ပြုလုပ်ခြင်း။ 

ဥပမာ

⊶ ကူးစက်ရောဂါများ (HIV, TB, Hepatitis စသည်) 

    ကို တမင်သက်သက် ကူးစက်အောင် 

    ပြုလုပ်ခြင်း၊ အဆိပ်သင့်စေသော ပတ်ဝန်းကျင် (ညစ်ပတ်ရေ၊ အစားအစာ) ဖန်တီးပေးခြင်းဖြင့် ဝမ်းရောဂါ/ဘက်တီးရီးယားရောဂါများ ဖြစ်ပွားစေခြင်း။


၃။ ချည့်နဲ့အောင်

⌼  ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာ

     တစ်စုံတစ်ရာကို ချို့ယွင်းစေခြင်း၊ သဘာဝလုပ်ဆောင်နိုင်စွမ်း တစ်စိတ်တစ်ပိုင်း (သို့) အလုံးစုံ ဆုံးရှုံးစေခြင်း။


◣ မိမိကြောင့် တစ်စုံတစ်ယောက်အား

     အထက်ပါအချက်များထဲမှ တစ်ခုခု ဖြစ်စေပါက ပြစ်မှုထိုက်ပါသည်။။ 


■  နာကျင်မှု ပမာဏပေါ် မူတည်ပြီး ဥပဒေအရ 

    ▪️(သာမန်) နာကျင်စေမှု 

    ▪️အပြင်းအထန် နာကျင်စေမှု ဟု 

သတ်မှတ်နိုင်ပြီး ပြုလုပ်သည့်

အရာဝတ္တုအပေါ်မူတည်၍ ပြစ်ဒဏ် အနည်း/အများ ကွာခြားပါသည်။


▪️ သာမန်နာကျင်စေမှု

    "အပြင်းအထန် နာကျင်စေမှု" (အောက်ပါ ၈ မျိုး) 

    မဖြစ်မြောက်သည့် နာကျင်မှုမျိုးကို ဆိုလိုသည်။▪️အပြင်းအထန် နာကျင်စေမှု (Grievous Hurt)

       ပုဒ်မ ၃၂၀ အရ

   အပြင်းအထန်နာကျင်စေမှု (၈) မျိုးမှာ

◉ သင်းကွပ်ခြင်း ဖခင်ဖြစ်နိုင်စွမ်းကို ဖျက်ဆီးခြင်း    

     (ဥပမာ- ဝှေးစေ့အား ထိခိုက်ဒဏ်ရာရစေခြင်း)။

◉ မျက်စိတစ်ဖက်ဖက်ကို အမြဲမမြင်အောင် ပြုခြင်း

     ထာဝရကန်းအောင် ပြုလုပ်ခြင်း။

◉ နားတစ်ဖက်ဖက်ကို အမြဲမကြားအောင် ပြုခြင်း 

     ထာဝရပင်းအောင် ပြုလုပ်ခြင်း။

◉ ကိုယ်အင်္ဂါ အဆစ်အမျက်တစ်ခုခုကို ကျိုးပဲ့

    ပျက်စီးအောင် ပြုခြင်း

   (ခြေဆစ်၊ ဒူးဆစ်၊ လက်မောင်းဆစ် စသည်)။

◉ ကိုယ်အင်္ဂါအဆစ်အမျက်တစ်ခုရဲ့ 

     အင်အားကို ဖျက်ဆီးခြင်း (သို့) အမြဲချို့တဲ့အောင် 

     ပြုခြင်း

    (လူစဉ်မမီ/အကြောသေအောင် ပြုလုပ်ခြင်း)။

◉ ဦးခေါင်း (သို့) မျက်နှာကို အမြဲရုပ်ဆင်း

     ပျက်အောင် ပြုခြင်း

  (အမာရွတ်ထင်အောင်၊ နှာခေါင်း/နားရွက်

    ဖြတ်အောင် ပြုလုပ်ခြင်း။)

◉ အရိုး (သို့) သွားကို ကျိုးအက်ကွဲအောင် (သို့) 

    တိမ်းလွဲအောင် ပြုခြင်း။

◉  အသက်အန္တရာယ်ဖြစ်စေခြင်း၊ 

   ရက်ပေါင်း (၂၀) ကြာ နာကျင်မှုဖြစ်အောင်ပြုခြင်း

   (သို့) ရက်ပေါင်း (၂၀) ကြာ ပုံမှန်

    အလုပ်မလုပ်နိုင်အောင် ပြုခြင်း။


❍  ပြစ်ဒဏ်များ

     တုံးသော လက်နက်ဖြင့် -

⊝  သာမန်နာကျင်မှုဖြစ်စေလျှင် 

    ရာဇဝတ်ကြီး ပုဒ်မ ၃၂၃ အရ 

     ထောင်ဒဏ် ၁နှစ်ထိဖြစ်စေ၊ 

     ဒဏ် ငွေကျပ် (၁သိန်း)ထိဖြစ်စေ၊

    ဒဏ် နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။

⊝ အပြင်းအထန်နာကျင်‌‌မှုဖြစ်စေလျှင်

     ရာဇဝတ်ကြီး ပုဒ်မ ၃၂၅ အရ 

     ထောင်ဒဏ် ၇နှစ်ထိအပြင်၊ ဒဏ်ငွေ

    ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။

⊝ တုံးသော လက်နက်ဆိုသည်မှာ 

   ချွန်ထက်သော လက်နက်မဟုတ်သည့် 

- လက်သီး၊ ခြေထောက်၊ ဝါးလုံး စသည့်ကိုဆိုလိုသည်။

   

❍  ပြစ်ဒဏ်များ

    ချွန်ထက်သော လက်နက် / ဘေးဖြစ်စေ

    တတ်သောလက်နက်ဖြင့် - 

⊝ သာမန်နာကျင်‌‌မှုဖြစ်စေလျှင် 

    ရာဇဝတ်ကြီး ပုဒ်မ ၃၂၄ အရ 

     ထောင်ဒဏ် ၃နှစ်ထိဖြစ်စေ ၊ 

     ဒဏ်ငွေ ဖြစ်စေ ၊ ဒဏ် နှစ်ရပ်လုံးဖြစ်‌‌ေစ

     ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။

 ⊝ အပြင်းအထန်နာကျင်‌‌မှုဖြစ် စေလျှင်

    ရာဇဝတ်ကြီး ပုဒ်မ ၃၂၆ အရ 

    ထောင်ဒဏ် နှစ်(၂၀)ဖြစ်စေ၊ 

    (၁၀)နှစ်ထိဖြစ်စေ၊ ဒဏ် ငွေ၊ 

   ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။

⊝ ချွန်ထက်/ဘေးဖြစ်စတတ်သာလက်နက်

    ဆိုသည်မှာ -  ချွန် ထက် ရှ သော လက်နက်၊ 

     ဓား၊ မီး၊ အက်စစ်၊ တိရစ္တာန် စသည့်တို့ဖြစ်သည်။


အခြားသောပြုလုပ်မှု

   နာကျင်‌‌စေမှုအမျိုးမျိုး‌အား

   အပိုင်း(၂) ဆက်လက်၍ . . .


BNT - အထက်တန်းရှေ့နေ 


▪️ ဤအချက်အလက်များသည်

   အသိပညာပေးရန်သာဖြစ်ပြီး 

  အမှုကိစ္စအတွက် တရားဝင်အကြံဉာဏ်လိုအပ်ပါက

  ရှေ့နေ၊ ဥပဒေပညာရှင်များနှင့်သာ တိုင်ပင်ဆွေးနွေးပါ။


#နာကျင်စေမှု #ရာဇဝတ်ဥပဒေ

 #ဥပဒေ #ပုဒ်မ၃၂၃ #ပုဒ်မ၃၂၅ #ပုဒ်မ၃၂၆

#ရိုက်နက်မှု #ထိုးမှု #ရှေ့နေ #bnt

Comments

Popular posts from this blog

ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)

 ❑ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)             သိကောင်းစရာများ      (ပြည့်စုံသော ရှင်းလင်းချက်) ❉ ❍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ) သည် ဆက်သွယ်ရေးကွန်ရက် (သို့မဟုတ်) လူမှုကွန်ရက် (Social Media) အသုံးပြုမှုမှတစ်ဆင့် ပေါ်ပေါက်လာသော ပြစ်မှုကျူးလွန်ခြင်းများကို အဓိကထား၍ ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်၍ အရေးယူနိုင်ပါသည်။ ________________________________________ ၁။ ပြစ်မှုမြောက်သော အဓိကလုပ်ရပ်များ        ❍ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အောက်ပါ ပြစ်မှုများ ကျူးလွန်ပါက ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်။ ▪️ (က) ခြောက်လှန့်တောင်းယူခြင်း        ❍ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ ပစ္စည်း၊ ငွေကြေး သို့မဟုတ် အခြားအကျိုးအမြတ်တစ်ခုခုကို ရယူရန် ရည်ရွယ်၍ ခြိမ်းခြောက်ပြီး တောင်းယူခြင်း။ • ဥပမာ ⊕  အွန်လိုင်းကွန်ရက် (Video Call သို့မဟုတ် Chat) မှ ရရှိထားသော လျှို့ဝှက်ဓာတ်ပုံ/ဗီဒီယိုများကို ဖြန့်ဝေမည်ဟု ခြိမ်းခြောက်ခြင်း။ ⊕ ကွန်ပျူတာစနစ်အတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ အရေးကြီး Data Files များကို ပိတ်ဆို့ထ...

🍀လင်မယားကွာရှင်းပြီး ပစ္စည်းခွဲဝေခြင်း🍀

 🍀လင်မယားကွာရှင်းပြီး ပစ္စည်းခွဲဝေခြင်း🍀🔷လင်မယားကွာရှင်းခြင်းနှင့်အတူ ကလေးအုပ်ထိန်းမှု နှင့် ပိုင်ဆိုင်မှု ပစ္စည်းခွဲဝေခြင်းများ ကပ်လျက်ပါရှိလာသည်။ 🔸ကွာရှင်းခြင်းနှင့် ပစ္စည်းခွဲဝေမှုဆိုင်ရာ  သဘောတူညီချက်များကို   **စာချုပ်စာတမ်း** ပြုလုပ်ထားရန် အရေးကြီးသည်။ 🔸နှစ်ဦးပိုင်ပစ္စည်းကိုသာ ခွဲဝေရမည်ဟုသော     အဆိုသဘောသည် လုံးဝမဟုတ်ပါ  အောက်ပါ (၃)မျိုးအပေါ် အရေးဆိုနိုင်သည်။      ▪️လက်ထပ်ပွား      ▪️ပါရင်း      ▪️အထက်ပါပစ္စည်း  🍀လက်ထပ်ပွားပစ္စည်း (ဘုံပစ္စည်း) ▪️လက်ထပ်ပွားပစ္စည်းဆိုတာ အကြင်‌မောင်နှံ     လက်ထပ်ထိမ်းမြားမှုမှ စတင်ပြီး ရှာဖွေသမျှ   စု‌ဆောင်းကြီးပွားသမျှအရာရာကိုဆိုလိုသည်။  လင်ယောက်ျားက ရှာသည်ဖြစ်‌စေ၊  မယားမိန်းမ ရှာသည်ဖြစ်စေ နှစ်ဦးပိုင်ပစ္စည်းသာဖြစ်သည်။           🔺ခွဲဝေမှု          ▪️အညီအမျှ (၅၀% စီ)။ 🍀ပါရင်းပစ္စည်း ▪️အိမ်ထောင်မပြုမီက မိမိပိုင်ဆိုင်သည့်       ပစ္စည်းကို ဆိုလိုသည်။ အိမ်ထောင်မပြုမ...

ပါမစ်မြေ

 ပါမစ်မြေ ============ ▪️ "အိမ်ရာဆောက်လုပ်နေထိုင်ခွင့်ပြုလက်မှတ်" ဟုခေါ်ပါတယ်။ အပိုင်ပေး ငှားရမ်း လိုင်စင် ချပေးတာမဟုတ်ပါ အစိုးရမြေကို နေထိုင်ခွင့်ပေးခြင်းသာဖြစ်သည်။  အစိုးရ အမိန့်ရသော်လည်းကောင်း သက်ဆိုင်ရာကော်မတီအဖွဲ့မှ သော်လည်းကောင်း    - မြို့သစ်တည်ဆောက်တိုးချဲ့ခြင်းငှာ   - မြေသိမ်းအစားထိုး‌ပေးခြင်းငှာ   - အစိုးရဌာနဆိုင်ရာဝန်ထမ်းများ/တပ်မတော်သားများနေထိုင်ခွင့် စသည့် အစိုရမြေကို နေထိုင်ခွင့် တစ်ခုတည်းသာ ပါမစ် မြေချမိန့် မြေပေးမိန့်ဟု အမည်တပ်၍ ခွင့်ပြုခြင်းဖြစ်ပါသည်။ ▪️ပါမစ် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။ ▪️ထိုသို့ လွှဲပြောင်း၊ရောင်းချ၊ပေါင်နှံ၊ပေးကမ်းခြင်းပြုချင်ပါက ဂရန်အဖြစ် တစ်ဆင့်လျှောက်ထားရပါမည်။ ဂရန်အဖြစ်လျှောက်ထားရာတွင် ပါမစ်စာရွက်ထဲမှာပါသည့် အမည်ပေါက်တစ်ဦးတည်းသည်သာ ဂရန်လျှောက်ခွင့်ရှိပါသည်။ ▪️ပိုင်ဆိုင်မှုနှင့် ပက်သက်ပြီး တရားတပေါင်ဖြစ်ကြလျှင် ပါမစ်မြေသည် လွှဲပြောင်း၊ရောင်းချ၊ပေါင်နှံ၊ပေးကမ်းခြင်းမပြုရလို့ အတိအလင်းကြေညာထားသည်ဖြစ်တာကြောင့် ပိုင်ဆိုင်ခြင...