ပါမစ်မြေ
============
▪️ "အိမ်ရာဆောက်လုပ်နေထိုင်ခွင့်ပြုလက်မှတ်" ဟုခေါ်ပါတယ်။ အပိုင်ပေး ငှားရမ်း လိုင်စင် ချပေးတာမဟုတ်ပါ အစိုးရမြေကို နေထိုင်ခွင့်ပေးခြင်းသာဖြစ်သည်။
အစိုးရ အမိန့်ရသော်လည်းကောင်း သက်ဆိုင်ရာကော်မတီအဖွဲ့မှ သော်လည်းကောင်း
- မြို့သစ်တည်ဆောက်တိုးချဲ့ခြင်းငှာ
- မြေသိမ်းအစားထိုးပေးခြင်းငှာ
- အစိုးရဌာနဆိုင်ရာဝန်ထမ်းများ/တပ်မတော်သားများနေထိုင်ခွင့် စသည့် အစိုရမြေကို နေထိုင်ခွင့် တစ်ခုတည်းသာ ပါမစ် မြေချမိန့် မြေပေးမိန့်ဟု အမည်တပ်၍ ခွင့်ပြုခြင်းဖြစ်ပါသည်။
▪️ပါမစ် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။
▪️ထိုသို့ လွှဲပြောင်း၊ရောင်းချ၊ပေါင်နှံ၊ပေးကမ်းခြင်းပြုချင်ပါက ဂရန်အဖြစ် တစ်ဆင့်လျှောက်ထားရပါမည်။
ဂရန်အဖြစ်လျှောက်ထားရာတွင် ပါမစ်စာရွက်ထဲမှာပါသည့် အမည်ပေါက်တစ်ဦးတည်းသည်သာ ဂရန်လျှောက်ခွင့်ရှိပါသည်။
▪️ပိုင်ဆိုင်မှုနှင့် ပက်သက်ပြီး တရားတပေါင်ဖြစ်ကြလျှင် ပါမစ်မြေသည် လွှဲပြောင်း၊ရောင်းချ၊ပေါင်နှံ၊ပေးကမ်းခြင်းမပြုရလို့ အတိအလင်းကြေညာထားသည်ဖြစ်တာကြောင့် ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍မည်သို့မျှ အရေးဆို၍ မရနိုင်ချေ။ တရားဝင်မှတ်ပုံတင်စာချုပ် စာတမ်းများလည်းပြုလုပ်၍မရချေ။
▪️သို့ရာတွင် ငွေအရင်းအနှီး မြှုပ်နှံလိုသူများအနေဖြင့် ဂရန်မြေအဖြစ် အမည်ပေါက်သွားပါက မြေတန်ဖိုးအဆမတန် ကွာခြားသွားသဖြင့် ပါမစ်မြေများကိုသာ သင့်တင့်ဈေးပေး၍ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲပြောင်းရယူထားကြပေသည်။
▪️ပါမစ်မှာ မည်သို့ပေ ပြဌာန်းစေကာမှု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ပါမစ်မြေအား အငှားဂရန်လျှောက်ထားရာတွင် မည်သူမဆို
- ဝယ်/ရောင်း အရပ်ကတိစာချုပ်စာတမ်းများအဆက်ဆက် ကိုယ်စားလှယ်လွှဲစာများဖြင့် ပြသပြီးဂရန်လျှောက်ခွင့်ပြုထားသည်။ ဤနေရာတွင် ပါမစ်မြေများကို ကတိစာချုပ်များဖြင့် အရောင်းအဝယ်လွှဲပြောင်းခြင်းပြုနိုင်ကြောင်း ကို တွေ့ရှိရမည်။
🔷မှတ်ချက် - (-) လ ၊၂၀၂၄ ခုနှစ်မှစ၍ ပါမစ်မြေများ ဂရန်လျှောက်ထားလိုပါက ပါမစ်မြေ အမည်ပေါက်တစ်ဦးတည်းသာ ဂရန်လျှောက်လို့ရမည်ဟု ပြန်လည်ညွှန်ကြားထားပါသည်။ ညွှန်ကြားချက်မတိုင်မီ အရင်အမှုတွဲများကိုတော့ စာချုပ်စာတမ်းအဆက်ဆက်ဖြင့် ဆက်လက် ဂရန်လျှောက်ထားခွင့်ရမည်။
‼️ပါမစ်မြေများအား စာချုပ်အဆက်ဆက်ဖြင့် လက်ရောက်နေထိုင်သူများအနေဖြင့် ပါမစ်အမည်ပေါက်ရှာဖို့ မလွယ်ကူပါက ပါမစ်မြေ ၁၀၀ မှာ ၉၀ လောက်က မိမိနည်းတူဖြစ်ပါ၍ စိုးရိမ်ပူပန်စရာမလိုပေ။
BY BNT - အထက်တန်းရှေ့နေ
#ပါမစ်
#မြေပေးမိန့်
#ပါမစ်မြေ
#ဂရန်လျှောက်
#ရှေ့နေ
#အိမ်ခြံမြေ

Comments
Post a Comment